Monday, September 22, 2008

ခေါင်းလောင်း

ဘယ်လောက် ဟောင်းဟောင်း
မပျော့ ပြောင်းဘူး
ခေါင်း … အမြဲမာတယ် ။


ဘယ်သူ ထုထု
သူ … မမှုဘူး
ထုတဲ့ တင်းပုတ်
ဖွာစုတ် ပျက်စီးသွားလေရဲ့။


ဗိုက်ဟောင်းလောင်းနဲ့
ဝမ်းခေါင်းက ဟင်းလင်းပြင်ဖြစ်နေလည်း
ရိုက်နှက်ထုထောင်း
သီချင်းတောင်းတော့
မပြောင်းတဲ့ တေးကိုဆို ………. နေဆဲ ။ ။

မောင်နမ်းဝေ ( ဗန်းမော် )

1 comments:

မသက်ဇင် said...

ကောင်းလိုက်တဲ့ ကဗျာလေး------
အတွေးနက်ပြီး ရင်ထဲက ယုံကြည်ချက်ကို
အရိုးသားဆုံး--အပွင့်လင်းဆုံး ရေးထားတာတွေ့ရတယ်----
အားပေးနေပါတယ်---
ဆက်ရေးပါ---
ခင်မင်လျက်
မသက်ဇင်


Blogspot Templates by Isnaini Dot Com and Wedding Bands. Powered by Blogger