Monday, June 22, 2009

kachin model and celebrities

What about now..!

Saturday, June 6, 2009

နယ်ခြားစောင့်၊ မစောင့် စစ်အစိုးရနှင့် ဆွေးနွေးမည့် ကေအိုင်အို

လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များတွင် အင်အားကြီးမားသော ကချင် လွတ်မြောက်ရေး တပ်မတော် မှ အမျိုးသမီး စစ်သမီးတပ်ဖွဲ့

မြန်မာစစ်အစိုးရ မှ ထုတ်ပြန် ကြေညာထားသော ၂၀၁၀ ရွေးကောက်ပွဲ ပြီးမြောက်ပါက စစ်အစိုးရ နှင့် စေ့စပ် ငြိမ်းချမ်းရေး ရယူထားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့များ အသွင်ပြောင်းကာ စစ်အစိုးရ တပ်ရင်း၊ တပ်ဖွဲ့များ လက်အောက်သို့ ရောက်ရှိ သွားရမည် ဖြစ်သည်ကို ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဦးဆောင်ကော်မတီ ၇ဦး ဦးဆောင်ကာ စစ်အစိုးရနှင့် အကျေအလည် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ ထုတ်ပြန် ကြေညာလိုက်သည်။

အထက်ပါ ကိုယ်စားလှယ် အဖွဲ့တွင် ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီ ဇော်ဆိုင်း၊ ကေအိုင်အို ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာ၊ ကေအိုင်အေ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ ဒု-ဗိုလ်မှူးကြီး လဖိုင် လအောင်၊ ဒု-ဗိုလ်မှူးကြီး လဇိန် ဂျီနော်၊ ဗိုလ်မှူး ဂေါ်လူ လအောင် နှင့် ခွန်ထက် ထိန်နန် တို့ ပါဝင်သည်ဟု သိရှိရသည်။ ယင်း ၇ဦးပါ အဖွဲ့အား ယခင်အပါတ်က လိုင်ဇာတွင် ပြုလုပ်သော ကေအိုင်အိုနှင့် ကချင်ပြည်သူများ တွေ့ဆုံ ဆွေးနွေးမှု အပြီး ထွက်ပေါ်ရလဒ် ဖြစ်သည်။

အမေရိကန်နိုင်ငံ အခြေစိုက် ကချင်ရေးရာ သုံးသပ်သူတဦး ကမူ “ ဒါဟာ ကေအိုင်အို အတွက်တော့ ကောင်းတဲ့ လက္ခဏာတော့ မဖြစ်နိုင်ဖူးလို့ ပြောဆိုလိုက်ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် အသေအခြာ စဉ်းစားရမဲ့ ရှုထောင့်တခု ဖြစ်နေတာရယ် ဘယ်ရလဒ်မဆို ဒီအဖြစ်ဟာ ချိန်သားကိုက် သတ်ကွင်းထဲကို ဖြတ်ခိုင်းတာနဲ့ တူပါတယ်ဟု သူ၏ အမြင်ကို ဖြေဆိုကာ၊ ဒီအချိန်ဟာ လူမျိုးစု လက်နက်ကိုင်များ အနေနဲ့ မြန်မာစစ်အစိုးရနဲ့ တေ့တေ့ဆိုင်ဆိုင် အပေးအယူလုပ်ရမဲ့ နိုင်ငံရေး ကစားကွက်တခု ယတိပြတ် ရွေ့ရမဲ့ အချိန်ပါဟု ပြောဆို သုံးသပ်လိုက်သည်။

ထပ်လောင်း၍ ကေအိုင်အို ဦးဆောင်ကော်မတီမှ ဦးဆောင်ကာ ကေအိုင်အို နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းမည့် အရေးအား ကချင် မျိုးနွယ်စုများစွာ ရှိရာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အတွင်းရှိ ကချင်ပြည်သူများထံ နည်းနာ အကြံဥာဏ်များ ရယူသင့်ကြောင်း၊ ယင်း အရေးအတွက် ရာနှင့်ချီသော နိုင်ငံရပ်ခြားရောက် ကချင် အဝန်းအဝိုင်းမှ တုန့်ပြန်စာများလဲ ရရှိထားပြီ ဖြစ်သည်ဟု ကချင်ပို့(စ်) ဝဘ်ဆိုဒ်တွင် ဖေါ်ပြထားပြီး၊ အများစုမှာ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ်အား လက်ခံနိုင်ဖွယ် မရှိဟု တွေးထင် ယူဆထားကြသည်။

အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေး ရယူထားသော လူမျိုးစု လက်နက်ကိုင်အဖွဲ့များ စစ်အစိုးရ လက်အောက်ရှိ နယ်ခြားစောင့် တပ်ဖွဲ့များ အသွင် သဏ္ဍာန်ပြောင်းလည်း ရမည်ဟူသော အမိန့်အား ၂၀၀၉ခုနှစ် မေလ တွင် ထို သတင်း ထွက်ပေါ်လာပြီး၊ စစ်အစိုးရ ဖက်မှလည်း ယခု နှစ်ကုန်ပိုင်းတွင် စတင် အကောင်အထည် ဖေါ်ပြီး ဖြစ်ကြောင်း သိရှိရသည်။

ဂျာတောင်နော်
လူထုအသံ အွန်လိုင်းဂျာနယ် အတွက် ရေးသားခဲ့သော ၀၆-၀၆-၀၉ သတင်း

Friday, June 5, 2009

An hte a myu shayi ni mung atsam nshayawm ai sha

Lit Lu Ai Shagan Ni hpe La Nga Ai Nge a Mungdan


Find more videos like this on Jinghpaw Wunpawng Chyum Hkawlik

Gau ai Mungdan


Find more videos like this on Jinghpaw Wunpawng Chyum Hkawlik

Saturday, May 30, 2009

ဗိုလ်မှူးကြီး ဆွန်လွတ်ဂွမ်မော် ကေအိုင်အေ၏ ဒု-ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခံရ


ကေအိုင်အေ ၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်အသစ် ဖြစ်လာသော ဗိုလ်မှူးကြီး ဂွမ်မော် © Photo Credit: ကချင် သတင်းအဖွဲ့

ငြိမ်းချမ်းရေး အဖွဲ့ များအား ဖိအားပေးကာ နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ်သို့ ပြောင်းလည်း မည်ဟု မြန်မာ စစ်အစိုးရမှ ကြေညာ လိုက်ချိန် များမကြာမီတွင် ရေငုံ နှုတ်ပိတ်နေသော ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) မှ ဗိုလ်မှူးကြီး ဆွန်လွတ် ဂွမ်မော်အား ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်သည်။

ယခင်က ဗိုလ်မှူးကြီး ဂွမ်မော် ( အသက် - ၄၇နှစ် ) မှာ ကေအိုင်အို၏ အထွေထွေ အတွင်းရေးမှူး ရာထူးအပြင်၊ မဟာ ဗျူဟာ နည်းဗျူဟာ လေ့လာရေး ဋ္ဌာနမှ ဒါရိုက်တာ အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင် နေပြီး၊ ကေအိုင်အို အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်ကာ ကေအိုင်အေ ၏ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ အချက်အခြာကျသော ဦးဆောင်မှု ပေးနိုင်သူဟု ကျော်ကြားသူလည်း ဖြစ်သည်။

ဧပြီလ (၆) ရက်နေ့က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သော ဗိုလ်မှူးချုပ် ဖန်ဂမ် ဇော်နန် အသည်း ကင်ဆာရောဂါဖြင့် ကွယ်လွန် သွားအပြီး တလကျော် အကြာတွင် ထိုနေရာအား ဗိုလ်မှူးကြီး ဆွန်လွတ်ဂွမ်မော်မှ ဆက်ခံရယူ၍ သူ၏ မဟာဗျူဟာ နည်းဗျူဟာ လေ့လာရေး ဋ္ဌာန၊ ဒါရိုက်တာရာထူးအား ဒုဗိုလ်မှူးကြီး မရမ်ဇော်တောင်မှ ပြောင်းလွှဲရယူသည်ဟု သိရှိရသည်။

လိုင်ဇာမှ လာသော သတင်းများအရ ကေအိုင်အေ၏ နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲ မရှိငြားသော်လည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်တန် ဂွမ်ရှောင်နှင့် ဒု-ဦးစီးချုပ် ဗိုလ်မှူးကြီး ဂွမ်မော်တို့၏ ကွပ်ကဲမှုဖြင့် စစ်ရေးဆိုင်ရာ ထိပ်တန်းရာထူးများမှာ အဖွဲ့အတွင်းတွင် အပြောင်းအလည်း အနည်းငယ် ရှိနေသည်ဟု ဆိုသည်။

လူမျိုးစု လက်နက်ကိုင် အဖွဲ့များ အတွင်းမှ အင်အားတောင့်တင်း ခိုင်မာသော ကေအိုင်အို အဖွဲ့အစည်းကြီးမှာ ၁၉၉၅ ခုနှစ်ကပင် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားပြီး တွေ့ဆုံညှိုနှိုင်း အဖြေရှာလျက် ရှိနေရာမှ ယခုအခါ မြန်မာစစ်အစိုးရ ဖိအားကြောင့် နယ်ခြားစောင့်တပ်ဖွဲ့များ အသွင်သို့ ပြောင်းလဲမည့် ငြိမ်းချမ်းရေး တပ်ဖွဲ့များ အားလုံးတွင် ကေအိုင်အေ၏ အဖြေမှာ နယ်ခြားစောင့် မည်လော? ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲများဆီ ထိပ်တိုက်တိုးမည့် သဏ္ဍာန်ပြင်ဆင် နေပြီလော? ဟု စောင့်ကြည့် နေရဦးမည်။

လူထုအသံ အင်တာနက်ဂျာနယ်တွင် ဂျာတောင်နော် ရေးသားခဲ့သော သတင်း

lawt lu nang lam gaw kanang ta?


Find more videos like this on WUNPAWNG Zupra

Thursday, November 27, 2008

myit n gran ga

Tuesday, October 7, 2008

ကျုပ်မြင်တဲ့ လောကပါလ တရား

Image and video hosting by TinyPic

ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။

ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ ဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။

သင်စိတ်ညစ်နေတဲ့ အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့ အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။

အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်း သမိုင်းတခုရှိရမှာပါ။

လွယ်တာက သူများရဲ့အမှားကို ဝေဖန် အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။

ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။

ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။

အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေ ပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ် အခွင့်အရေးတစ်ခုကို ဖျောက်ကွယ်ပစ် လိုက်ပါလိမ့်မယ်။

မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်သလို ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။

သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြုပြင်ပြောင်းလဲ လိုက်ပါ။

အမှားတွေက ဖြစ်ပျက်နေတဲ့ အချိန်မှာတော့ နာကျင် ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့ အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဒုနဲ့ဒေး ဖြစ်ပေါ်လာစေပါတယ်။

ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။

အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာသလို၊ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုး၊ နန်းကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့ လောက တန်ဖိုးတက်လာစေခြင်းဟာ လောကပါလ တရားမဟုတ်ပါလား ? ။


Blogspot Templates by Isnaini Dot Com and Wedding Bands. Powered by Blogger