Thursday, November 27, 2008
Tuesday, October 7, 2008
ကျုပ်မြင်တဲ့ လောကပါလ တရား
ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ ဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
သင်စိတ်ညစ်နေတဲ့ အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့ အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်း သမိုင်းတခုရှိရမှာပါ။
လွယ်တာက သူများရဲ့အမှားကို ဝေဖန် အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။
ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေ ပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ် အခွင့်အရေးတစ်ခုကို ဖျောက်ကွယ်ပစ် လိုက်ပါလိမ့်မယ်။
မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်သလို ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြုပြင်ပြောင်းလဲ လိုက်ပါ။
အမှားတွေက ဖြစ်ပျက်နေတဲ့ အချိန်မှာတော့ နာကျင် ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့ အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဒုနဲ့ဒေး ဖြစ်ပေါ်လာစေပါတယ်။
ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာသလို၊ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုး၊ နန်းကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့ လောက တန်ဖိုးတက်လာစေခြင်းဟာ လောကပါလ တရားမဟုတ်ပါလား ? ။

Labels: အတွေးအခေါ်
Posted by Ja Tawng Naw at 8:38 PM 0 comments
Friday, September 26, 2008
ကချင်ဆိုသော လူမျိုးများ
ကချင်ရိုးရာ မပျက် ဆင်ယင်နွဲသော မနောပွဲတော်
ရဝမ်လူမျိုး ဝတ်စုံဖြင့် ရဲလေး နှင့် ဇီးအဘောက်
မေခ၊ မေလိခ မြစ်ဆုံရာ ဧရာဝတီမြစ်ဖျားမှ လီဆူး
ကချင် မျိုးနွယ်စုထဲမှ လချိတ် လူမျိုး
မြစ်ဖျားပိုင်းမှ ကချင်မျိုးနွယ် ခခူး လူမျိုး
ကချင်မျိုးနွယ်စု မှ လောဝ်ဝေါ်လူမျိုး
Labels: ဓါတ်ပုံကဏ္ဍ
Posted by Ja Tawng Naw at 6:43 PM 2 comments
Monday, September 22, 2008
ခေါင်းလောင်း
ဘယ်လောက် ဟောင်းဟောင်း
မပျော့ ပြောင်းဘူး
ခေါင်း … အမြဲမာတယ် ။
ဘယ်သူ ထုထု
သူ … မမှုဘူး
ထုတဲ့ တင်းပုတ်
ဖွာစုတ် ပျက်စီးသွားလေရဲ့။
ဗိုက်ဟောင်းလောင်းနဲ့
ဝမ်းခေါင်းက ဟင်းလင်းပြင်ဖြစ်နေလည်း
ရိုက်နှက်ထုထောင်း
သီချင်းတောင်းတော့
မပြောင်းတဲ့ တေးကိုဆို ………. နေဆဲ ။ ။
မပျော့ ပြောင်းဘူး
ခေါင်း … အမြဲမာတယ် ။
ဘယ်သူ ထုထု
သူ … မမှုဘူး
ထုတဲ့ တင်းပုတ်
ဖွာစုတ် ပျက်စီးသွားလေရဲ့။
ဗိုက်ဟောင်းလောင်းနဲ့
ဝမ်းခေါင်းက ဟင်းလင်းပြင်ဖြစ်နေလည်း
ရိုက်နှက်ထုထောင်း
သီချင်းတောင်းတော့
မပြောင်းတဲ့ တေးကိုဆို ………. နေဆဲ ။ ။
မောင်နမ်းဝေ ( ဗန်းမော် )
Labels: ကဗျာ
Posted by Ja Tawng Naw at 6:54 PM 1 comments
Sunday, September 14, 2008
Subscribe to:
Posts (Atom)